Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 153 )

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ယာဒိုတိုက်ပွဲအတွင်းစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ တိုက်ခိုက် နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိပဲ ကျေးရွာထဲကို လေ ကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကသာမှာတော့ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ကယား (ကရင်နီ) ပြည်နယ်ထဲက စစ်ဘေးရှောင်တွေဟာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ရရှိတဲ့အပိုင်းမှာတော့ အရမ်းကို နည်းနေတဲ့အပြင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့အကူ အညီတွေကလည်း စစ်ကောင်စီရဲ့ ခွင့်ပြု ချက် နဲ့ လာ ရတာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ ကူညီလုပ်ဆောင်မှု တွေကို မလုပ်ဆောင်နိုင်ဘူးလို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။