Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 155 )

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

စစ်ဘေးရှောင်တစ်ဦးရဲ့ ခံစားချက်၊ မျှော်လင့်ချက်နဲ့ စစ်ဘေးရှောင် လမ်းခရီး 

"ကျနော်ဆို ဟိုး ၁၉၉၅ မွေးကတည်းစပြေးရတာ ဒီနေ့ ဒီအချိန်အထိပါပဲ။ နားရတာဆိုလို့ ကျောင်းတက်တဲ့အချိန်နဲ့ ဒီ ၂၀၂၀ ပေါ့ အဲဒီအတောအတွင်းမှာပဲ နားရတာ တခြားအချိန်မှာဆို ကျနော်ငယ်ငယ်တုန်းကဆို ပြေးနေရတာ စစ်ပြေးပါပဲ အမှန်တကယ်တမ်း ကျနော်တို့ စစ်ပြေးပါပဲ တော်တော်လေးလည်း အခက်အခဲကြုံရတယ်။" ဦးထူးရယ် - ကရင်နီ စစ်ဘေးရှောင် 

"ဒါပေမယ့်လည်း တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်တော့လည်း ကျနော်တို့ တောတောင်ဒေသမှာက သွားနေရတာကိုး အခြေအနေလည်း မကောင်းဘူး အဲလိုမျိုးဖြစ်နေ​တော့ ပြေးနေရတယ်။ ဒီနေ့ ဒီအချိန်အထိ ပြေးလို့ မဆုံးသေးဘူးပေါ့နော။ ဖြစ်နိုင်ရင် ကျနော်တို့ ဒီရှေ့ဆက်မှာတော့ အေးအေးချမ်းချမ်းလေးတော့ နေချင်တယ်။ စားဝတ်နေရေးဆိုရင်လည်း လုံလုံလောက်လောက်နဲ့ ပြည့်ပြည့်ဝဝလေးနဲ့ ကျနော်တို့ အသက်ရှင်ကာလအတွင်းမှာ ခံစားချင်တာပေါ့နော"  ဦးထူးရယ် - ကရင်နီ စစ်ဘေးရှောင်

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။