Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 158 )

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။

ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- မြစ်ဆုံစီမံကိန်း အပါအဝင် လျှပ်စစ်ဓာတ်အား စီမံကိန်းတွေ ရပ်တန့်လိုက် တဲ့အတွက် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လိုအပ်မှုတွေ ရှိနေရတာလို့ စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။

KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က စစ်ကောင်စီဝန်ထမ်းတွေ နှုတ်ထွက်ဖို့ KNU တပ်မဟာ ၅ က ထပ်မံ သတိပေးလိုက်ပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်မှာတော့ ဇူလိုင်လ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၉၅ သေဆုံးပြီး ၈၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်က ရေဖြူမြို့နယ်က ဒေသခံ အယောက် ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ လာရှိုးမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။