Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 159 )

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။ 

ရခိုင်ပြည်နယ်မှာ ရေကြီးတဲ့အတွက် အရပ်သား ၆ ယောက် ရေနစ်သေဆုံးခဲ့ရသလို ရေဘေးသင့်ပြည်သူတွေ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ 

အင်းတော်မြို့နယ်မှာတော့ KIA ပူးပေါင်း တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာထဲကို ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၄ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် မပါတဲ့ တပ်မတော်တစ် ခုကို တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက်ကို KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက် အဖြစ် ချမှတ်ထားတယ်လို့ KNU က ပြောပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။