သတင်းထုတ်လွှင့်ချက် - ( EP - 160 )
ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်း ၄ ခုမှာ ဆန်ပြတ်လပ်နေပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာတော့ ၄ လတာ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူဖို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်မှူး ၁ ယောက်အပါအဝင် ၁၅ ယောက် သေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ KNU ခေါင်းဆောင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ် ဆိုတဲ့ ပြောဆိုစွပ်စွဲမှုတွေကို စုံစမ်းစစ်ဆေးနေပြီလို့ ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။