သတင်းထုတ်လွှင့်ချက် - ( EP - 161 )
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်း တော်တော်များများမှာ ဆန်ပြတ်လပ်နေတဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
ကရင်နီဆိုတဲ့ နာမည်တစ်ခုတည်းအောက်မှာ စည်းလုံးညီညွတ်ကြဖို့ ကရင်နီပြည် တပ်မတော် စစ်ဦးချုပ်က ပြောဆိုလိုက်ပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ -က နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သာသနာပိုင် အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ … စစ်ကောင်စီတပ်က မြေပြင်မှာ အဖက်ဖက်က ရှုံးနိမ့်လာတဲ့အတွက် ခံစစ်ကို ပြောင်းလဲ ကျင့်သုံးလာတယ်လို့ KNLA က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။