သတင်းထုတ်လွှင့်ချက် - ( EP - 166 )
ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီစစ်ရှောင်တစ်ဦးရဲ့ ခံစားချက်၊ ရင်ဖွင့်သံ တောင်းဆိုချက်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာတဲ့အတွက်ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ တချို့က တောတောင်ထဲမှာ ထွက်ပြေးခိုလှုံနေကြသလို တချို့က ထိုင်း-နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းနဲ့ တချို့ကတော့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက် ခိုလူံနေကြပါတယ်။
နေရပ်ဒေသကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ နေထိုင်၊ စားသောက်ရေးက အစ အဖက်ဖက်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်ဆိုကြပါတယ်။
စစ်ဘေးရှောင်တွေက ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသလဲ။ သူတို့တွေရဲ့ စိတ်ထဲမှာ ဘာတွေ ခံစားနေရသလဲ၊ ဘာတွေကို တောင်းဆိုထားသလဲဆိုတာကို ထိုင်း-ကရင်နီနယ်စပ်ရောက် စစ်ဘေးရှောင်တစ်ဦးရဲ့ ပြောပြချက်တွေကို ကြားကြရမှာပါ။