Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 167 )

ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု - စစ်ဦးစီးချုပ် မာဝီ နဲ့ ဆက်သွယ်မေးမြန်းချက် အပိုင်း (၁ ) 

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့သလို တက်ကြွလှုပ်ရှားသူ ကရင်နီ လူငယ်တွေ ဦးဆောင်တဲ့ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF လည်း နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဟာ နွေဦးတော်လှန်ရေးကနေ သီးခြားပေါ်ပေါက်လာတဲ့ ကရင်နီတော်လှန်ရေး တပ်ဖြစ်ပေမယ့်  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကရင်နီတပ်မတော် KA  စစ်ဦးစီးချုပ်ရဲ့ အမိန့်ကွပ်ကဲမှုအောက်ကနေသာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်နေတဲ့အပြင် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်ပွားနေပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်အခြေအနေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမှုထားနိုင်မှု အခြေအနေ၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ဘာကြောင့် သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာလဲ စတာတွေကို သတင်းနှင့်မီဒီယာ ကွန်ရက် NMG မှ  အားမီ က  KNDF  ဒု-စစ်ဦးစီးချုပ် မာဝီကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။