Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 170 )

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်

၁၉၉၄ ခုနှစ်က အရင် စစ်အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ - KNPLF) ဟာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာဇွန်လအတွင်းမှာ ကရင်နီ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို ပြန်ပြီးတိုက်ခိုက်လာခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ကို ပြန်ပြီး တိုက်ခိုက်နေပြီလို့လည်း ( ကလလတ - KNPLF ) က တရားဝင် ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် စာချုပ်ဟာလည်း ၂၉ နှစ်အကြာမှာ ပျက်ပြယ်သွားခဲ့ပါတယ်။

(ကလလတ - KNPLF) အနေနဲ့ ကရင်နီ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အခုလို ပြန်ပြီးတိုက်ခိုက်လာတာဟာ ဘာကြောင့်လဲ၊ နိုင်ငံရေးအရ ဘယ်လိုသက်ဆိုင်မှုတွေရှိနေသလဲ၊ အရင်နဲ့ အခု စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု အခြေအနေ  စတဲ့ သုံးသပ်ချက်တွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်ကို အားမီက ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။