Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 174 )

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... စစ်ကောင်စီတပ်က ကသာမြို့နယ်ထဲကကျေးရွာတစ်ခုကို မီးရှို့ပြီး ဒေသခံ ၇ ယောက်ထက်မနည်းကိုလည်းသတ်ဖြတ်ခဲ့ပါတယ်။

မြိတ်မြို့ပေါ်က စည်ပင်ဈေးတွေမှာ အခြေခံစားသောက်ကုန်တွေနဲ့ အသားငါးတွေကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချဖို့နဲ့ ဈေးတင်ရောင်းချတာတွေ မလုပ်ဖို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီက သတိပေးထားပါတယ်။

စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုသမီးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ဘိုကလေးက လူငယ် ၄ ယောက်ကို ဖျာပုံခရိုင်တရားရုံးကသေဒဏ်အမိန့်ချလိုက်ပါတယ်။ 

စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ အပါအဝင် အရက်မျိုးစုံနဲ့ အောင်ဘာလေထီ ကို ဧရာဝတီတိုင်း အတွင်းမှာ အတင်းအကြပ် ဖိအားပေး ရောင်းခိုင်းနေပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နယ်ထဲက ဆုံးရူံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့အတွက် စစ်ကောင်စီတပ်က အရင်ကထက် ပိုပြီးပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေ တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။