သတင်းထုတ်လွှင့်ချက် - ( EP - 175 )
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... လားရှိုးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာကနေ အရပ်သား ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၄ ယောက်ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြားက တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြန်မာနိုင် အရှေ့တောင်ပိုင်းဒေသတွေနဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှု ဆိုင်ရာ ဝင်ရောက် ကူညီခွင့် အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတယ်လို့ UNOCHA မြန်မာ က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီ မိသားစုဝင် ၉ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-PDF) က နေရပ် ပြန်ခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။