Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 179 )

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... တိုက်ပွဲတွေကြောင့် ပဲခူးရိုးမက ဒေသခံ ၉၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပုသိမ်ထောင်တွင်း အဓိကရုဏ်းမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ​ရေး အကျဉ်းသားတွေထဲက ၃၃ ယောက်ကို စစ်ကောင်စီက ထပ်တိုး ထောင်ဒဏ် ၆ နှစ်စီ အမိန့်ချလိုက်ပါတယ်။ 

လပွတ္တာမြို့နယ်ထဲက ပင်လယ်ပြင်ထဲမှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၇၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာတော့ စစ်ဘေးရှောင်ရာကနေ နေရပ်ကို ပြန်လာတဲ့ မိသားစုဝင် ၄ ယောက်ကို PDF တွေ အလင်းဝင် လာ တယ်ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းက  တိုက်ပွဲသတင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။