သတင်းထုတ်လွှင့်ချက် - ( EP - 181 )
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဘာကြောင့် ထိရောက်မှု မရှိတာလဲ။ (သတင်းဆောင်းပါး)
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်း အသီးသီးက မြို့နယ်တွေထဲ နေ့စဉ်နဲ့အမျှ ပြည်သူတွေ က စစ်ဘေးရှောင်နေကြရပါတယ်။ ဖြစ်ပွားဆဲပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာ ထွက်ပြေးရသူ ၁ ဒဿမ ၉ သန်းကျော်ရှိတယ်လို့ UNOCHA Myanmar ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
သူတို့ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်။
နိုင်ငံတကာအစိုးရတွေကနေ တဆင့် မြန်မာနိုင်ငံကိုပေးလာတဲ့ လူသားချင်းစာနာမှု ကူညီရေး ဆိုင်ရာကိစ္စရပ် တွေက အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ် ဆောင်နေရတာတွေကြောင့် စစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့ အကူအညီတွေ မရောက်ဘူးလို့ ထောက်ပြတာ တွေရှိနေပါတယ်။ ဒီအခြေအနေတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။