Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 187 )

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင် စီတပ်က အရပ်သား ၁၀ ယောက်ကျော်ကို ဖမ်းဆီးထားပါတယ်။

ကချင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ အောင်ဂျာစခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထဲကို စစ်ကြောင်းထိုးဝင် ရောက်လာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံအမျိုးသားနှစ်ယောက်ကိုလည်း သတ်သွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရှမ်းမြောက် ကိုးကန့်နဲ့ ‘ဝ’ ဒေသမှာ ရှိနေတဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF)က အစီရင်ခံစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ အကြမ်းဖက်မှုကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဋ္ဌ က ပြောဆိုလိုက်တယ် ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။