အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 19 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ ...
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေ ညာစာတမ်း အစိတ်အပိုင်းပါ အချက်တွေကို အခြေမခံပဲ ဖွဲ့စည်းမယ့် ဘယ်အုပ်ချုပ်ရေး အဖွဲ့ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး နားဆင်ရဖို့ရှိပါတယ်။ Podcast ထုတ် လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင် ပြေတဲ့ အချိန်မှာမှ နားထောင်ရင် လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။