သတင်းထုတ်လွှင့်ချက် - ( EP - 197 )
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ …. စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဖက်ကို စစ်ကူပို့ရာမှာ ကုမ္ပဏီကားတွေနဲ့ အရပ်သားကားတွေကို ပြောင်းလဲ အသုံးပြုနေတယ်လို့ မျက်မြင်တွေ့ရှိ သူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ဘေးရှောင်တွေ နေရပ် ပြန်လာဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဖိအားပေးခြိမ်းခြောက်ခေါ် ယူ နေတယ်လို့ ရွားသားတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မှာတော့ ဓါးပြ၊ ပြန်ပေးအဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးလိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရိခေါဒါရ်မြို့က စစ်ကောင်စီ ရဲ့ တပ်စခန်း ၂ ခုကို ချင်းအမျိုးသားတပ်မတော် CNF/CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ က သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို စစ်ကောင်စီ တပ်က စစ်ကူမပေးနိုင်တော့တဲ့ အခြေအနေ ကို ရောက်ရှိလာနေတယ်လို့ တိုက်ပွဲမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ခွဲမှူးက ဝန်ခံပြောဆိုလိုက် တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။