Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 207 )

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ပန်ဆိုင်းမြို့မှာ အုပ်ချုပ်မှု ယန္တရားတွေကို ပြန်ထူထောင်နိုင်ပြီလို့ MNDAA က ပြောပါတယ်။

ကိုးကန့်ဒေသက ကုန်းကြမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ပြောပါတယ်။

တိုက်ပွဲ​တွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ထဲက ကက်သလစ် ခရစ်ယာန်ဘုရား ကျောင်းဝင်းထဲ ကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက မြေပြင်မှာ ဖြစ်နေတာတွေနဲ့ ကွဲလွဲပြီး သတင်းအမှားတွေ ထုတ်ပြန်နေတယ်လို့ ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။