တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 21 )
မေလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်က တနင်္ဂနွေနေ့တွေမှာ အခါအားလျော်စွာ တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီတပါတ်မှာတော့ မကြာသေးခင်က ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သုံးသပ်တင်ဆက်ပေးထားပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နား ဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။