သတင်းထုတ်လွှင့်ချက် - ( EP - 212 )
ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …… စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်သား ၄ ယောက်ဟာ လက်နက်ခဲ့ယမ်းတွေနဲ့အတူ KNU နဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ် မှုတို့ကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေသူရဲတွေ အနေနဲ့ ပြည်သူတွေဖက်ကနေ ပြန်ပြီး ရပ်တည်ဖို့ ကရင်နီ ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတဲ့ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက တိုက်တွန်း လိုက်ပါတယ်။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုဖို့ လိုအပ်တဲ့
စက်သုံးဆီကို ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ဝယ်ယူနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ တိုက်ပွဲဖော်ဆောင်နေတဲ့တစ်ဖက်မှာ အရပ်သား ပြည်သူတွေကို ကာကွယ်ဖို့ တော်လှန်ရေး အဖွဲ့အစည်းတွေကို NUG ယာယီ သမ္မတ က သတိပေးပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။