Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 213 )

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……  လွိုင်ကော် အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်ကောင်စီတပ်က လူသားဒိုင်အဖြစ် အသုံးပြုမှာ စိုးရိမ်နေကြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အထည်ချုပ် စက်ရုံ ၃ ရုံ ပိတ်လိုက်တာကြောင့် စက်ရုံလုပ်သား ၃၀၀၀ နီးပါး အလုပ် လက်မဲ့ ဖြစ်သွားပါတယ်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ထဲက ဆီအုန်းခြံတစ်ခုမှာ အမျိုးသားတစ်ယောက် ဆင်နင်းခံရပြီး ခန္ဓာကိုယ် အောက်ပိုင်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ ညီ အစ်မနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ လွိုင်ကော်ထောင်ထဲက အကျဥ်းသားတွေ အသက်ဆုံးရှုံး သွားတဲ့ အခြေအနေမျိုးထိ မဖြစ်စေဖို့ အကူအညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့်ပြီလို့ ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံး KPPA က တိုက်တွန်း ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်ပေးပို့ချက်ကို ကြားကြရမှာ။။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။