သတင်းထုတ်လွှင့်ချက် - ( EP - 214 )
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …… နမ္မတူမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက် သိမ်းပိုက်ပြီး မြို့ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
KNU တပ်မဟာ ၃ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KNU က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သထုံမြို့နယ်ထဲက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖက်က စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF မင်းတပ်က ပြောပါတယ်။
သတင်ပေးပို့ချက်ထဲမှာတော့ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ စုရပ်ဖြစ်လာမယ့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်းလိုက်ကြတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။