တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 22 )
မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီတပါတ်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားက အင်ခိုင်ဘွမ်တောင်လို့ခေါ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးနဲ့ဆိုင်တဲ့ သမိုင်းအထင်ကရနေရာမှာ ဗုဒ္ဓရုပ်ပွားတော်တွေ လာတည်နေတာနဲ့ ပတ်သက်ပြီး ကချင် တိုင်းရင်းသားတွေက ကန့်ကွက်နေတဲ့အကြောင်း တင်ဆက်ပေးပါ့မယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက် ရိုက်နား ဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။