Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 223 )

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. စစ်သင်တန်းတက်ဖို့ စေခိုင်းတာကြောင့် အုပ်ချုပ် ရေးမှူးတွေ အစုအပြုံလိုက် နှုတ်ထွက်စာတင်တဲ့သတင်း ၊ ဆိုင်းတောင် တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ယောက် ကျည်ထိမှန်သေဆုံးခဲ့တဲ့သတင်း၊  သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေအပြင် နေထိုင်စရာအတွက်ပါ အမိုးအကာ၊ အခင်း၊ တဲတွေ လိုအပ်နေတဲ့အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။