Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 224 )

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----  ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ PNO လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA က တပ်သားသားသစ် စုဆောင်းနေပါတယ်။ 

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ် တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် တပတ်ခန့်ကြာလာ တဲ့အထိ အဆက် အသွယ်မရ သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ပြောင်း ဈေးနှုန်း ဆက်တိုက် ကျဆင်းနေတာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းက ပြောင်း တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ပွဲရုံပိုင်ရှင်တွေနဲ့ ပြောင်းစိုက်တောင်သူတွေပြောဆိုလိုက်ပါတယ်။

 ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားနဲ့ စစ်ရှောင်တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာစစ်ဘေး ရှောင် ဒုက္ခသည်တွေကို လက်ခံသွားမယ်ဆိုတဲ့ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ပြောကြားချက်ဟာ ဒီနေ့အချိန်ထိ အကောင်အထည် မဖော်သေးတဲ့အပြင် ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်တွေကိုတော့ ထိုင်းအာဏာပိုင် တွေက နဂိုနေခဲ့တဲ့နေရာကို ပြန်ကြဖို့ ထပ်မံဖိအားပေး နေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။