သတင်းထုတ်လွှင့်ချက် - ( EP - 225 )
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောက်ကြီးမြို့နယ်ထဲက ပြည်သူ ၁၇ ယောက်ကို စစ်တပ်ကဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီတပ်က နှစ်ပေါင်း ၃၀ နီးပါးအကြာ တပ်စွဲနေထိုင်ခဲ့တဲ့ တောင်ငူခရိုင်ထဲက တပ်စခန်း ၃ ခုကနေ ထွက်ပြေးသွားကြပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်းတော်ကြီးဒေသ၊ နန့်မွန်းရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။