သတင်းထုတ်လွှင့်ချက် - ( EP - 227 )
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ် စိုးမိုးနိုင်ပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
ကချင်ပြည်နယ် နန်းမာမြို့မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ တစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ တိုင်းရင်းသား မဟာမိတ်တွေ အကြား ဘုံသဘောတူညီချက်တွေအတိုင်း ဆက်သွားဖို့ လိုအပ်တယ်လို့ NUG ယာယီသမ္မတ က ပြောဆိုလိုက် တဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။