Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 229 )

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ထားဝယ်က စစ်ကောင်စီတပ်စခန်းတခုကို ကရင် အမျိုးသားအစည်းအရုံးက သိမ်းယူနိုင်ခဲ့ပါတယ်။

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ မုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ ဆီဆိုင်မြို့ကိုရောက်နေတဲ့ ကရင်နီစစ်ရှောင်တွေ တိုက်ပွဲတွေကြောင့် ထပ်မံ စစ်ရှောင်နေတဲ့အကြောင်းနဲ့ ရွှေဘိုမြို့မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၂ ယောက်ကို ပစ်သတ်သွားတဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။