တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 23 )
ဇွန်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ NUG အစိုး ရက ပြောပါတယ်။ စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဘယ်ဒေသတွေမှာ ဘယ်သူတွေ အပေါ် ဘယ်လိုပုံစံမျိုးနဲ့ ကျူးလွန်နေတာလဲ။ ဒီအကြောင်းအရာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။