သတင်းထုတ်လွှင့်ချက် - ( EP - 231 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတခု လုံးကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပါတယ်။
ရှမ်းမြောက်က နမ့်ဖက်ကာစခန်းသိမ်းတိုက်ပွဲထဲ လက်နက်ကြီးငယ် အလက်ပေါင်း ၃၀၀ လောက် KIA သိမ်း ပိုက်ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ လွိုင်ကော်မြို့ထဲ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲမို့ ပစ္စည်းပြန် လာယူတဲ့ စစ်ရှောင်တွေအနေနဲ့ လုံခြုံရေးအရ ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီးမှ လာယူဖို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက အသိပေးပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်း တွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။