Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 237 )

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမှာကတော့ ---- တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တောင်ကြီးရောက် ကရင်နီ စစ်ရှောင်တွေ စစ်မှု ထမ်းရမှာကို စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာတော့ စပါးရိတ်ခြွေစက် ငှားရမ်းခ ဈေးနှုန်းတွေက အရင်နှစ်ထက် ၃ ဆ နီးပါး
မြင့်တက်လာ တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ပုသိမ်တက္ကသိုလ်၊ ကောလိပ် နဲ့ နည်းပညာ တက္ကသိုလ် ဆရာ ဆရာမတွေ၊ ကျောင်းသူ/ကျောင်းသားတွေလိုအပ်ပါက စစ်မှုထမ်းရမယ်ဆိုပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် ပြောဆိုသွားတယ်လို့ ပုသိမ် ပညာရေးကောလိပ်က ဆရာ/မတွေက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကိုထောက်ပံ့ပေးတဲ့ အရာတွေကို မသုတ်သင် မရှင်းလင်းနိုင်ရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို
တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတက ပြောဆိုလိုက်တယ်ဆိုတဲ့ အကြောင်းကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။