Listen

Description

တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 24 )

ဇွန်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီပတ်မှာတော့ စစ်ကောင်စီကို တိုက်ခိုက်နေချိန်မှာ ကြားကာလ ဖွဲ့စည်းပုံက ဘာကြောင့် လိုအပ်တာလဲ၊ အဲ့ဒီ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘာတွေပါသင့်လဲ၊ ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိရင် နွေဦး တော်လှန်ရေးကို ဘယ်လိုထိခိုက်စေနိုင်လဲ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဥပဒေ ပညာရှင် ဦးအောင် ထူးနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ 

သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။