သတင်းထုတ်လွှင့်ချက် - ( EP - 242 )
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- စစ်ကောင်စီကြောင့် လွိုင်ကော်မြို့ တစ်ခြမ်း ပျက်စီးသွားပြီလို့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးနှစ်ဦးအ ပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေ အများအပြားသေ ဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ် မတော်(PNLA)ကပြောပါတယ်။
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ကို ပို့တဲ့ စစ်ကောင်စီတပ် စစ်ကူကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကူတစ်ဝက်ကျော် သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်က စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့မြို့တွေမှာ မြေမြုပ်မိုင်းတွေကို ရှင်းလင်းဖို့ နိုင်ငံတကာရဲ့အကူညီတွေ အရေးပေါ်လိုအပ်တယ်လို့ IEC က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို ပြုန်းတီးပျက်စီးစေခြင်းအားဖြင့် အနာဂတ် နိုင်ငံတည်ဆောက်ရေးကို ထိခိုက်စေမယ်လို့ အမျိုးသားညီညွတ် ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုကတယ်ဆိုတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။