သတင်းထုတ်လွှင့်ချက် - ( EP - 243 )
ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- NUG မှာ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးတွေအနေ နဲ့ ကိုယ့်ရဲ့ လူမျိုးရေးကိုပဲ ဦးတည်ပြီး ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ပဲ အားလုံးကို လွှမ်းခြုံတဲ့ တစ်နိုင်ငံလုံး အရေးကို လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။
KNU တပ်မဟာ ၅ နယ်မြေထဲမှာ နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မော်ဖူးတပ်စခန်းက စစ်သားတွေဟာ စခန်းကို စွန့်ခွာထွက်သွားတယ်လို့ KNU မူတြော်ခရိုင်ကထုတ်ပြန်ပါတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းက ရွာတစ်ရွာကို စစ်ကောင်စီက
ဖျက်သိမ်း လိုက်တဲ့အတွက် လူ ၂၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာကနေ အနီးအနားမှာ ရှိနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးအမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကနေ ရုန်းထွက် နိုင်အောင် ကူညီ
ဆောင်ရွက်ပေးမယ်လို့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေက ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။