Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 244)

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမှာကတော့ ---- ရက္ခိုင့်တပ်တော် AA က မင်းပြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူနိုင် ခဲ့တယ်လို့ ပြောပါတယ်။

ကလေးမြို့ကို စစ်ရေး အရှိန်မြှင့် တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ကလေးမြို့ထဲကနေ ထွက်ခွာပြီး အမြန်ဆုံးရှောင်ရှားကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံ လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြိုနယ်ထဲမှာ စစ်ကောင်စီ ယာဥ်တန်းတိုက်ခိုက်ခံရပြီး ကား ၇ စီးပျက်စီးသွားတဲ့အပြင် နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှာ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးတွေ အနေနဲ့ ကိုယ့်ရဲ့ လူမျိုးရေးကိုပဲ ဦးတည်ပြီး ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ပဲ အားလုံးကို လွှမ်းခြုံတဲ့ တစ်နိုင်ငံလုံး အရေးကို လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်တဲ့ အကြောင်းကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။