Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 249)

မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကိုဗစ်ရောဂါ ကာကွယ်ရေးကာလ စီးပွားရေး
ပြန် လည် ထူထောင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ ငွေတွေကို စစ်ကောင်စီက ဖိအားပေး ပြန်တောင်းနေတယ်လို့ ဧရာဝတီ တိုင်းထဲက တောင်သူတွေက ပြောပါတယ်။

ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းက ကျေးရွာ နှစ်ရွာက နေအိမ်အလုံးရေ ၅၀ နီးပါးကို စစ်ကောင်စီ
လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၄၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။

စစ်ကိုင်း – ကချင်အစပ်က ထီးချိုင့်၊ ကောလင်းနဲ့ ကသာမြို့နယ်တွေထဲက အရပ်သားနေအိမ်တွေကို
စစ်ကောင် စီတပ်က မွှေနှောက်မီးရှို့ ဖျက်ဆီးခဲ့သလို ရွာသား တချို့ကိုလည်း သတ်သွားတယ်လို့
ဒေသခံတွေက ပြောပါ တယ်။

ထားဝယ်မှာတော့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက
ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် KNLA
တာဝန်ရှိသူက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်သားတွေဟာ ရခိုင်ပြည် မင်းပြားက
အမျိုးသမီးတစ်ဦးကို အစုအပြုံလိုက် မုဒိန်းကျင့်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဝန်ခံပြောဆိုထားတဲ့
အကြောင်းကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။