Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 250)

 မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမှာကတော့ ---- အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ ၇ မြို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် အပါအဝင် ကန့်သတ်ချက် အမိန့် တွေကို ရုတ်သိမ်းလိုက်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က မတ်လ ၆ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ ကို စစ်အုပ်ချုပ်ရေး ကြေညာတာဟာ ဟိုဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက် တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းက​နေ ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီ၊ ဆန် နဲ့ စားနပ်ရိက္ခာ ကုန်စည်တွေ ပို့ဆောင်ခွင့်ကို ခွင့်မပြုတော့ဘူးလို့ ပုသိမ်အ‌ခြေစိုက်ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွေက ပြော ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် က ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်သွားတဲ့ အကြောင်း ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။