သတင်းထုတ်လွှင့်ချက် - ( EP - 251)
မတ်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက် နက် ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၃ ဦး ထိမှန် သေဆုံးခဲ့ပါတယ်။
ဒရုန်းနဲ့ စစ်ဝတ်စုံ ဝယ်ယူဖို့အတွက် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပြည်သူတွေဆီကနေ ဆက်ကြေး အဓမ္မ
ကောက်ခံ နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ညပိုင်း ဖွင့်လှစ်ကြတဲ့
ညဈေး ဆိုင်တွေ ရပ်တည်ရ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးဟာ
စကားလုံးအ နေနဲ့ ရှိရမှာ မဟုတ်ပဲ လက်တွေ့ ပြသဖို့လိုအပ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ
NUG ယာယီသမ္မတက ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။
တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။