Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 252)

 မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ကချင်ပြည်၊ ဗန်းမော်မြို့နယ်၊ဒေါ့ဖုန်းယန်အနီး ခန်းကိုင် တောင်ရှိ စစ်ကောင်စီတပ်​ လက်အောက်ခံ ခလရ (၁၄၂) တပ်စခန်းကအလံဖြူထောင် လက်နက်ချခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ အရပ်သား ပြည်သူ ၁၁
ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲမှာ စစ်ဘေး
ရှောင်နေရတဲ့ ပြည်သူတွေကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က စစ်မှုထမ်းဖို့ အဓမ္မခေါ်ယူမှုတွေ
ရှိနေပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မှာတော့ တိုက်ပွဲအတွင်း အရပ်သားတွေရဲ့ နေအိမ် အများအပြား
ထိမှန်ပျက် စီးခဲ့တဲ့အတွက် ဒေသခံ စစ်ရှောင်အများစုဟာ နေရပ် ပြန်ရေး အခက်အခဲ ဖြစ်နေကြပါတယ်။

နောက်ပိုင်းမှာတော့ ကချင်တိုက်ပွဲ နောက်ဆုံး အခြေအနေ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။