Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 254)

 မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ရမ်းဗြဲမြို့ ကို ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ AA က ပြောပါတယ်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ် နမ့်မှော်နဲ့ တာမခံကြားက ကသိုဏ်းတောင်စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ပြီလို့ မြေပြင် သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ အချိန်ကစပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၄၆၇၄ ဦး ရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း AAPP က မတ်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပါတယ်။ 

ထားဝယ်မြို့ မှာတော့ အိမ်တွေကို ၅ ရက်အတွင်း ဖျက်ပေးဖို့ စစ်ကောင်စီက ပြောဆိုလာတဲ့အတွက် အိမ်တွေ ဖျက်ပြီး ပြောင်း‌ရွှေ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲတွေက ပအိုဝ်း အမျိုးသား ဝတ်စုံတွေ ဝတ်ပြီး ရှေ့တန်းထွက်နေတဲ့အကြောင်း သတင်းပေး ပို့ချက်ကို ကြားကြရမှာပါ။