Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 256)


 မတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။


တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာစစ်မှုထမ်းဖို့အတွက် လူစာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီဝန်ထမ်း ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။


ထိုင်း ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းက စစ်ဘေးရှောင် ၃ ပုံ နှစ်ပုံ​လောက်ဟာ လုံခြုံ ရေးစိုးရိမ်မှုကြောင့် စစ်ရှောင်စခန်းမှာ ​ပြန်မနေရဲကြ​တော့ဘူး လို့ စစ်ရှောင်ကူညီပေးနေသူ တွေကပြောပါတယ်။


စစ်ကောင်စီဟာ လူထုကို အာရုံလွဲဖို့ ရည်ရွယ်ချက်နဲ့ လူမျိုးရေးနဲ့၊ ဘာသာရေး ပဋိပက္ခတွေကို ပိုပြီးဖန်တီး လာနေတယ်လို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA က ပြောပါတယ်။ 


မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။


သတင်းပေးပို့ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးဖြစ်စဉ်တွေဟာ သမိုင်းကြောင်းအရကမ္ဘာ့အခြေအနေနဲ့ ဆက်စပ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒ သဘောထားတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ NUG ယာယီ သမ္မတ ပြောလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။


သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။