Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 257)

 မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ရှမ်းပြည်နယ် မြောက်ပိုင်း သိန္ဒီမြို့နယ်မှာ မြောက်ပိုင်း မဟာမိတ်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။ 

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နားက ယော်ယုံဗျူဟာ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ က အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။ 

ဖားပွန်မြို့ကိုတော့ ကရင်အမျိုးသား အစည်းအရုံး KNU က ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ 

ကျိုက်မရောမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် သုံးရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီစစ်ဘေးရှောင်တွေဟာ အသက် အန္တရာယ်တွေကြားကနေ စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့အကြောင်း ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။