Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 262)

 ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ/အကျဉ်းသား ၃၃၀၃ ယောက် ကို မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ ဒီနေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင် စီတပ်က အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်း ဥပဒေကို အသုံးချပြီး က ပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ်တဲ့  ကျုံပျော်မြို့နယ်က အုပ်ချုပ်ရေးမှူး တစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေ အနေကြောင့် နွေဦးတော် လှန်ရေးနဲ့ တိုင်းရင်းသား လွတ် မြောက်မှု တော်လှန်ရေးတို့က တစ်သားတည်း ပေါင်း စည်းနိုင်ခဲ့ပြီလို့ အမျိုးသား ညီညွတ် ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။