သတင်းထုတ်လွှင့်ချက် - ( EP - 263)
ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာ တိုက်ခိုက်ခံရပြီး ၁၀၀ ကျော်သေဆုံးသွားတယ်လို့ KNU က ပြောပါတယ်။
ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့ ကို ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပါတယ်။
NUG အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ တောင်ကြီးမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံး မှာ စမတ်ကတ် လုပ်နေသူတွေဆီကနေ ဝန်ထမ်းတွေက ငွေကြေးအမြောက်အများ တောင်းခံနေတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။