သတင်းထုတ်လွှင့်ချက် - ( EP - 266)
ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့နဲ့ စော်ဘွားရေရှည်ရွာ ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကင်းထောက်လေယဉ်တွေ ညတိုင်းနီးပါး ပျံဝဲနေတဲ့အတွက် မော်ချီးဒေသခံနဲ့ လုပ်ငန်းရှင် တွေက စိုးရိမ်နေကြပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတ အဖြစ်ကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ သုံးလကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ခုနစ်သောင်းကျော် ဆက်ပြီးစစ်ဘေးရှောင်နေကြရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization)က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီဟာ ကရင်နီလူမျိုးစုတွေအပေါ်မှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကိုဆက်ပြီး ကျူးလွန်နေတယ်လို့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) ကပြောဆိိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။