သတင်းထုတ်လွှင့်ချက် - ( EP - 268)
ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က ပြစ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင် ၁၀ ယောက်ကို လူထုရှေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၃ ယောက်ကိုတော့ သေဒဏ် ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက တနင်္သာရီတိုင်း ထားဝယ်မြို့ နယ်ထဲက မောထ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒို မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၂ ယောက်သေဆုံးပြီး ၉ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ (အာဏာရှင် တိုက်ဖျက်ရေး - NMSP-AD) နဲ့ မွန်ပြည် ဖက်ဒရယ်ကောင်စီ ( MSFC) တို့ စစ်ရေး၊ နိုင်ငံရေး အပါအဝင် ကဏ္ဍအသီးသီးမှာ ပူးပေါင်းသွားမယ်လို့ ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမှာ အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ် တစ်ယောက် ရှေ့တန်းမှာ သေဆုံးခဲ့ပြီး အလောင်းပြန်မရတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။