Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 269)

ဧပြီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားနဲ့ ဆက်သွယ်မေးမြန်းချက် 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေဟာ နေအိမ်တွေစွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် နေထိုင်စားသောက်ရေးကအစ အဖက်ဖက်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်လာတဲ့အချိန်မှာတော့  ကရင်နီပြည်နယ်ထဲက နေရာတော်တော်များများကို ကရင်နီတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း စတင်လာနိုင်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်လာနိုင်ပေမယ့်လည်း ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့အပြင် မြေမြုပ်မိုင်း အန္တရာယ်ကလည်း ရှိနေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ 

စစ်ဘေးရှောင်တွေ ဘာကြောင့် နေရပ်ပြန်လို့ မရသေးတာလဲ၊ လက်ရှိ ကရင်နီပြည်နယ်ရဲ့ မြေပြင် အခြေအနေက ဘယ်လိုရှိနေပါသလဲ၊ မြေမြုပ်မိုင်း အခြေအနေ စတာတွေကို ကိုပီတာက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ  IEC အတွင်းရေးမှူး - ၂ ဦးဗညားကို ဆက်သွယ်မေးမြန်းထားပါတယ်။  

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။