သတင်းထုတ်လွှင့်ချက် ( EP - 39 )
ဇူလိုင်လ - ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေက လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေ ချိန်မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တဲ့အကြောင်းနဲ့အတူ သူတို့တွေရဲ့ ကြိုးပမ်းမှု၊ ပင်လုံစာချုပ်ရဲ့ လက္ခဏာ၊ အနှစ်သာရ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ဘာကြောင့် ၁၉၄၇ ပင်လုံ ကတိကဝတ်တွေကို ဖော်ဆောင်ကြဖို့ အခုချိန်ထိ တောင်းဆိုနေကြတာလဲ ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဝါရင့်နိုင်ငံရေး သမားကြီး ခွန်းမားကိုဘန်း နဲ့ ဆက်သွယ်မေးမြန်းထားကို စုစည်း တင်ဆက်ပေးထားပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။