Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 270)

ဧပြီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် နှစ်ခုမှာ ညမထွက်ရအမိန့်ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က  ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်လာရင် မြို့ကို မီးရှို့ဖျက် ဆီးပစ်မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက် ပြောဆိုထားပါတယ်။

ကျောက်နီမော်မှာရှိတဲ့ ပျူစောထီးစခန်းကို ရိက္ခာလာပို့တဲ့ ငါးဖမ်းစက် လှေတစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက အမျိုးသားတစ်ယောက် မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ဒု ဥက္ကဋ္ဌ နေအိမ် အပါအဝင် အရပ်သား နေအိမ် ၈ လုံး မီးရှို့ခံရလိုက်ရတဲ့ အကြောင်းကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။