Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 271)

ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် ရွာ ၅ ရွာက ဒေသခံ ငါးထောင်ရှစ်ရာကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ် ဝိန်းကောင်ကျေးရွာမှာရှိတဲ့ သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့  အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို  ပို့ဆောင်မယ့် ငွေကျပ်သိန်း ၅၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့  ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ယောက် ထိမှန် သေဆုံးခဲ့ပြီး ရာဘာခြံ ၁၅ ဧက မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ ပြည်မှာ ၉ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့ ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group) က ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။