Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 273)

ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေ​ကတော့ ---- ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် တဲ့အတွက် ကလေး ၂ ယောက် အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်ထဲက အမျိုးသားတစ်ယောက်ကို ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တွေက သတိလစ်သွားတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဖွားအိုတစ်ယောက် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း ပလမြို့ ရဲစခန်းကို ဒရုန်းနဲ့ သုံးရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ် ၁ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက  တာဝန်ရှိသူက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ကို ကန့်ကွက်စာ အတုတွေကို စစ်ကောင်စီ ဝါဒဖြန့်သူ တွေက ဖြန့်ဝေနေတဲ့ အကြောင်းကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။